ထုံးစံအတိုင်းပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်
စမ်းသပ်အောင်မြင်ခဲ့ပြီးလို့ တင်ပေးလိုက်တာပါ။ U8660 အတွက် Root နည်းလေးပါ။
အခြားနည်းလမ်းတွေအများကြီးရှိပေမယ့် ဒီနည်းလမ်းကတော့ တကယ်ကို
လွယ်ကူတဲ့အပြင် Step တွေကလည်းမရှုပ်ပါဘူး။ ဒါကြောင့် မျှဝေလိုက်ပါတယ်။
အရင်ဆုံး ဖိုင်နှစ်ခုကို အရင်ဒေါင်းထားဖို့တော့ လိုပါမယ်။ ဖိုင်ဆိုဒ်ကလည်း
သိပ်မရှိပါဘူး။ နောက်ပိုင်း link သေနေရင်တော့
ကျွန်တော်ကို ပြောပြဗျာ။ ဒေါင်းရမယ့် ဖိုင်ကတော့
ဒါကိုဒေါင်းပြီး C8650_Recovery
ကိုဖြေလိုက်ပါ။ အထဲက .exe ဖိုင်ကို Run လိုက်ပါ။ USB Debugging တွေ Unknown
Source တွေကို Setting ထဲကနေ On ထားပေါ့နော်။ ဖုန်းကိုလည်း PC
နဲ့ချိတ်ထားပြီးသားဖြစ်ပါစေ။ လိုအပ်တဲ့ Driver တွေကိုလည်း
သွင်းထားလိုက်ပေါ့။
ခုနက .exe ကို Run လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ။ Enter ကိုနှိပ်လိုက်ပေါ့ဗျာ။
ဒါဆို ဖုန်းက Restart ကျသွားပါလိမ့်မယ်။ ပါဝါပိတ်ပြီး Battery ကိုဖြုတ်လိုက်ပါ။ တစ်မိနှစ်ခန့်စောင့်ပြီး Battery
ပြန်တပ်ပါ။ Volume Up+Power Button ကိုနှိပ်ပြီး CWM ကိုသွားပါ။ update
zip ကနေခုနကဒေါင်းထားတဲ့ update.zip ကိုညွန်းပေးလိုက်ပါ။ အပေါ်အောက်ရွေ့ဖို့
Volume Up/Down key ကိုအသုံးနိုင်ပါတယ်။ အတည်ပြုဖို့အတွက်ကတော့ Power
Button ဖြစ်ပါတယ်။ ပြီးရင်တော့ Reboot လုပ်ဖို့လိုပါမယ်။ Huawei U8660 ရဲ့
CWM က တရုတ်လိုဖြစ်တဲ့အတွက် Reboot
အတွက်အောက်ဆုံးစာကြောင်းကိုသာရွေးပြီးနှိပ်ပေးလိုက်ပါ။
ကျွန်တော်စမ်းတဲ့ ဖုန်းမှာတော့ Shutdown
ဖြစ်ပါတယ်။ ပြောဖို့မေ့နေတာ ခုနကဒေါင်းထားတဲ့ update.zip ကို ဖုန်းထဲက SD
Card ထဲမှာအရင်ဆုံးထည့်ထားပေးရမယ်နော်။ :D ဒါဆိုရင် ပါဝါတက်လာတာနဲ့
အရိုးခေါင်းပုံနဲ့ Super User ဆိုတာတွေ့ပါလိမ့်မယ်။ ဒါဆိုရင်တော့ Root
လုပ်ခြင်းအောင်မြင်သွားပါပြီ။
ကျန်တဲ့ မြန်မာဖောင့်သွင်းခြင်း
လုပ်ငန်းများကို ဆက်လုပ်လို့ ရပါပြီ။ :D အဆင်ပြေကြပါစေဗျာ။ Credit ကတော့
ဘယ်သူ့ကိုပေးရမှန်းမသိတော့လို့ မပေးတော့ပါဘူး။
ဒီပိုစ်ကို
0 comments:
Post a Comment