Huawei ရဲ့ နောက်ပိုင်းထွက်
ဟမ်းဆက်တစ်မျိုးဖြစ်တဲ့ G510-0010 ကို အစပိုင်းက Flash တွေ မပါလို့
မကြိုက်ခဲ့ကြပေမယ့် ခုတစ်လောတော့ Hot ဖြစ်နေပါတယ်။ ဈေးကွက်အတွင်း
ပစ္စည်းရှားပါးနေလို့ ဈေးတက်နေပေမယ့် အ၀ယ်လိုက်နေတဲ့ ဟမ်းဆက်တစ်မျိုးပါ။
သူ့ကို Root လုပ်ရင် Camera ပျောက်ပျောက်သွားတာ။ Firmware ပြန်တင်ရင်
Restart ကျပြီး သုံးမရတာတွေ ဖြစ်တတ်ပါတယ်။ ခုနည်းလေးကတော့ Root
လုပ်စရာမလိုဘဲ Unlock Code တင်စရာလည်း မလိုပါဘူး။ လိုအပ်တာက ဒီပို့စ်က
ဖိုင်လေးကို ဒေါင်းပြီး Copy/Paste လုပ်တတ်ဖို့ပဲ ဖြစ်ပါတယ်။
လုပ်နည်းသိတော့မှ သြော်.. လွယ်လွယ်လေးလို့ မပြောကြေးနော်..
ကဲ.. ဒီဖိုင်လေးကို ဒေါင်းမယ်နော်..
DropBox
Dev-Host
Server File
ဒေါင်းပြီးပြီး ဆိုရင်တော့ ကွန်ပြူတာနဲ့ သီချင်းတွေ ထည့်ဖို့ ချိတ်သလိုမျိုး ချိတ်ပါ။ ပြီးရင် Huawei ဖုန်းရဲ့ ဖိုင်တွေကို ဖွင့်ကြည့်လိုက်ပါ။ HWTHEME ဆိုတဲ့ ဖိုလ်ဒါတစ်ခုကို တွေ့ပါလိမ့်မယ်။ တွေ့ရင် Double ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင် ခု ဒေါင်းလုပ်ဒ်ဆွဲထားတဲ့ဖိုင်လေးကို ထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို ကွန်ပြူတာကနေ Frozen Keyboard သွင်းလိုက်ပါ။ (ကွန်ပြူတာက မသွင်းတတ်လျှင် ယခုအဆင့်ကို လုပ်ဆောင်ရန် မလိုပါ။) ပြီးရင်တော့ ဖုန်းကို ကွန်ပြူတာကနေ ဆွဲဖြုတ်လိုက်ပါ။ ဖုန်းက ဖွင့်လျက်အတိုင်းပဲ ရှိနေပါဦးမယ်။ Theme ဆွဲတဲ့ icon လေးကို တွေ့အောင်ရှာပါ။ ပြီးရင် နှိပ်ပြီး ဖွင့်လိုက်ပါ။ အရင်က ငါးခု ရှိရာကနေ အခု ဖွင့်ချိန်မှာတော့ ခဏလေး စောင့်ရပါလိမ့်မယ်။ ပြီးရင် Elegant ဆိုတဲ့ Theme တစ်ခု တိုးလာတာ တွေ့ရမှာပါ။ အဲဒီ Theme ကို ရွှေးပြီး နှိပ်လိုက်ပါ။ Apply လုပ်လိုက်ပါ။ Theme with font/ Theme without font မေးရင် Theme with font ကို ရွေးနှိပ်ပါ။ ပြီးရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် မြန်မာစာ ရပါပြီ။ ဒီ Theme ကြီးက မလှလို့ တခြားဟာဖြစ်ဖြစ်၊ အရင်ဟာဖြစ်ဖြစ် ပြန်ချိန်းချင်တယ်ဆိုရင်လည်း Theme ထဲကို ပြန်ဝင်ပြီး ချိန်းနိုင်ပါတယ်။ ဒါပေမယ့် အဲလို ချိန်းမယ်ဆိုရင် ချိန်းမယ့် Theme ကို Apply ပေးပြီးတိုင်း Theme without font ဆိုတာကို ရွေးပေးရပါလိမ့်မယ်..
superlikeonline ဆီမှပြန်လည်ဝေမျှပါတယ်... အရာရာအဆင်ပြေကြပါစေဗျာ

0 comments:
Post a Comment