Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, February 1, 2012

ကြွေလွင့်သွားရှာတဲ့ ကွန်ပြူတာပညာရှင် အသက် ၁၆ နှစ်အရွယ် Arfa Karim


    သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။

    Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့်  အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။  ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။