Saturday, October 19, 2013

KASPERSKY ( .....2012 / 2013 ) KIS/KAV/PURE OFFLINE UPDATE ပြုလုပ်နည်း

  ပုံ ( ၁ )
ဒီကောင်လေးကတော့ မိတ်ဆွေတစ်ဦးတောင်း ထားလို့  တခြားမိတ်ဆွေများလဲ အသုံးပြုနိုင် အောင် တင်ပေး လိုက်တဲ့ Kaspersky Updater လေးဖြစ်ပါတယ်။ ဒီ Kaspersky Updater လေးကိုအသုံးပြုပြီး KASPERSKY 2012 / 2013 KIS/KAV/PURE တွေထိ OFFLINE UPDATE ပြုလုပ်နိုင်ပါတယ်။ Kapersky Updater ကို မိမိတို့ ကွန်ပျူတာမှာ run လိုက်ပါ. ပုံ ( ၁ ) အတိုင်းပေါ်လာပါလိမ့်မယ်. ဝိုင်းထားတဲ့ Applications ကို click ပေးပြီးဖွင့်လိုက်ပါ။

  ပုံ( ၂ )
ပုံ( ၂ ) အတိုင်းရောက်လာပြီဆိုရင် ဝိုင်းထားတဲ့အတိုင်း မိမိအသုံးပြုနေတဲ့ Kaspersky အမျိုးအစား၊ ဗားရှင်းအလိုက် ရွေးပြီး OK ပေး ၊ Start ကို Click လိုက်ရင် သူနဲ့ ပက်သတ်တဲ့ Updater File ကို download ယူနေပါလိမ့်မယ်။ 

( ပုံ ( ၃ ) အတိုင်း ခဏ စောင့်ပေးပါ )
အခုဆိုရင်လိုအပ်တဲ့ Updater File ကို download ယူတဲ့ အပိုင်းပြီးပြီဖြစ်တဲ့အတွက် မိမိအသုံးပြုထားတဲ့ software ရဲ့  setting အပိုင်းကို ပြင်ဆင်ကြရပါမယ်။ အဲဒီအတွက် ကျနော် ပုံတွေနဲ့ မရှင်းပြတော့ပါဘူး စာနဲ့ ဘဲအရှင်းလင်းဆုံးအတိုချုံးပြီးပြောသွားပါမယ်။ တစ်ဆင့်ချင်းလိုက်လုပ်ကြည့်လိုက်ပါ။

* Kaspersky program ကိုဖွင့်ပြီး setting ကိုသွားပါ။
* settings ထဲကိုရောက်ရင် Update Settings / Settings ကို ဖွင့်ပါ။
* Add ကိုရှာပြီး မိမိတို့ အပေါ်မှာ download  ယူထား ခဲ့တဲ့ Updater File ကို ရှာပြီးထည့်ပါ။   မူလရှိနေတဲ့ kaspersky lab updates servers ရှေ့ က အမှန်ခြစ်ကိုဖြုတ်ပြီး မိမိထည့်သွင်းလိုက်တဲ့ Updater File က ကို  အမှန်ခြစ်ပေးပြီး  Apply / OK ပေးလိုက်ပါ။
* အခုဆိုရင် မိမိတို့ အသုံးပြုနေတဲ့ Kaspersky ကို Update ပေးနိုင်ပြီဖြစ်ပါတယ်။ Update ပေးပြီးရင်
ကွန်ပျူတာကို restart ချပေးဖို့ မမေ့ပါနဲ့ ။
OS: Win XP/2003/Vista/Windows7 / 8

အသုံးပြုချင်တဲ့ မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်။
DOWNLOAD:
{ MF - password : nayminkhit }

ကျေးဇူးတင်ပါတယ်...တောင်းထားတဲ့ညီလေးစိုးနိုင်အတွက်ဆိုပေမဲ့လိုအပ်သူတွေ
အားလုံးအဆင်ပြောကပါစေဗျာ
နေမင်းခေတ်ရေးပါတယ် ကျွန်ပြန်လည်ဝေမျှခြင်းသာ နေလင်းဖြိုး

0 comments:

Post a Comment