ကွန်ပျူတာတစ်လုံးရဲ့ ရှေ့မှာရှိမနေဘဲ အခြားနေရာတစ်ခုကနေ (network
မှတစ်ဆင့်) မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ
စိတ်ကူးယဉ်သလိုခံစားရပေမယ့် LogMeIn ကိုအသုံးပြုကြည့်မယ်ဆိုရင်တော့
စိတ်ဝင်စားပြီးပျော်ရွှင်ဖွင်ကောင်းတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Browser
မှတစ်ဆင့် မိမိကွန်ပျူတာရဲ့ Desktop အပေါ်ထိန်းချုပ်နိုင်မှာဖြစ်လို့ အခြား
Requirement အနေဖြင့်လည်း နည်းပါးလှပါတယ်။ LogMeIn ကို
LogMeIn ကိုစမ်းသပ်ကြဖို့ စတင်ကြမှာဖြစ်ပါတယ်။
၁။ LogMeIn မှာ Register ပြုလုပ်ဖို့အတွက် LogMeIn ရဲ့ Website ကိုသွားရောက်မှာဖြစ်ပါတယ်။ LogMeIn ရဲ့ Website ကတော့
https://secure.logmein.com/
ပဲဖြစ်ပါတယ်။ Website ကိုဝင်ရောက်လိုက်တာနဲ့ LogMeIn အသုံးချနိုင်မှုတွေကိုရေးသားပေးထားပြီး အသုံးမပြုမီ လေ့လာနိုင်မှာဖြစ်ပါတယ်။
၂။ ဒုတိယအဆင့်မှာတော့ LogMeIn ကို Register ပြုလုပ်မှာဖြစ်ပါတယ်။ LogMeIn
Home Page ရဲ့ Login Box ထဲမှာ Create an Account ကိုနှိပ်ရမှာဖြစ်ပါတယ်။
ပထမဆုံးအဆင့်မှာတော့ Access Computer Remotely နဲ့ Provide Remote Support
On-Demand ထဲက တစ်ခုရွေးပေးရမှာဖြစ်ပါတယ်။ Access Computer Remotely ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Register ပြုလုပ်ဖို့အတွက်လိုအပ်ချက်တွေကို စတင်ဖြည့်စွက်ရတော့မှာဖြစ်ပါတယ်။
Register ပြုလုပ်တဲ့နေရာမှာတော့ Email Account ကိုတိတိကျကျ ထည့်သွင်းပေးဖို့လိုအပ်ပြီး LogMeIn ကလိုအပ်တဲ့အချက်အလက်တွေကို Register ပြုလုပ်လိုက်တဲ့ Email ထဲကိုပိုပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Browser မှတစ်ဆင့် မိမိကွန်ပျူတာကို ထိန်းချုပ်တဲ့အခါမှာ Register ပြုလုပ်ထားတဲ့ Email နဲ့ Password ကိုပြန်လည်အသုံးပြုရမှာဖြစ်ပါတယ်။ Register Form ကိုအပြည့်အစုံဖြည့်သွင်းပြီးသွားပြီဆိုရင်တော့ LogMeIn ကိုဒေါင်းလော့လုပ်ရယူရမှာဖြစ်ပါတယ်။LogMeIn ကိုဒေါင်းလုပ်ရယူထို့အတွက်တော့ ဖိုင်ဆိုက်ပမာဏ အနေနဲ့ 19.69 MB အရွယ်ပမာဏသာရှိပါတယ်။ လိုအပ်ချက်တစ်ခုအနေနဲ့က မိမိ Email ထဲကိုဝင်ရောက်လာတဲ့ LogMeIn Mail ကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Activate ပြုလုပ်ဖို့အတွက်ကတော့ Register ပြုလုပ်ထားတဲ့ Email ထဲကိုရောက်ရှိနေမယ့် LogMeIn Email ကိုဖွင့်ပြီး ပေးပို့လာတဲ့ Link ကိုနိပ်ပေးရမှာဖြစ်ပါတယ်။
Activate ပြုလုပ်တဲ့ Link ကိုနှိပ်လိုက်မယ်ဆိုရင်တော့ LogMeIn ကသတ်မှတ်ပေးထားတဲ့မိမိရဲ့ Home Page ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ Home Page မှာတော့ LogMeIn ကိုအသုံးပြုပြီးဆက်လက်လုပ်ဆောင်သွားနိုင်မယ့် အဆင့်ဆင့်ကိုဖော်ပြပေးထားပြီး၊ Pro ကိုယ်ယူအသုံးပြုနိုင်ဖို့အတွက်လည်း ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။
ဒေါင်းလော့ ပြုလုပ်ခြင်းပြီးဆုံးသွားပြီဆိုရင်တော့ ဒေါင်းလော့ ရယူထားတဲ့ LogMeIn
ကို Install ပြုလုပ်ရမှာဖြစ်ပါတယ်။ Installation
ပြုလုပ်ခြင်းအပိုင်းမှာလည်းလွယ်ကူပြီး Computer Access Coad
ကိုတော့မိမိသင်တော့ရာထည့်သွာင်းပေးရမှာဖြစ်ပါတယ်။ စာလုံးအရေအတွက်ကတော့
အနည်းဆုံး (၈) လုံးရှိရမှာဖြစ်ပါတယ်။ Installation Process
ပြီးဆုံးချိန်မှာတော့ LogMeIn ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
LogMeIn
ကို Computer ထဲ Install ပြုလုပ်ပြီးချိန်မှာတော့ Register ပြုလုပ်ထားတဲ့
Email ထဲကိုကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို
မေးပို့မေးမှာဖြစ်ပါတယ်။ LogMeIn ကို အသုံးပြုဖို့အတွက်ကမိမိရဲ့ထိန်းချုပ်လိုတဲ့ LogMeIn ထဲ့သွင်းထားတဲ့ ကွန်ပျူတာ ဟာဆိုရင် Online ဖြစ်နေဖို့လိုအပ်ပြီး၊ LogMeIn ကိုလည်းTurn On ဖြစ်နေဖို့လိုအပ်ပါလိမ့်မယ်။ LogMeIn
ရဲ့ Home Page ကိုကြည့်မယ်ဆိုရင်တော့ ကွန်ပျူတာ
တစ်လုံးထည့်သွင်းထားတာကိုတွေ့မြင်ရမှာဖြစ်ပြီး Dashboard
မှတစ်ဆင့်ကွန်ပျူတာကို ၀င်ရောက်ကြည့်နိုင်မှာဖြစ်ပါတယ်။ Firefox Plug-ins
မရှိသူများအနေနဲ့ Firefox Plug-ins ကိုထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။LogMeIn ကိုအသုံးပြုကြည့်မှာဖြစ်ပါတယ်။ Plug-ins ကို Install ပြုလုပ်ပြီးချိန်မှာတော့ Browser ကို Restart ပြုလုပ်ပြီး LogMeIn ကိုဝင်ရောက်ကာ Home Page မှတစ်ဆင့် Dashboard ကိုထိန်းချုပ်နိုင်မယ့် Home Page အသစ်ကို Browser မှာတွေ့မြင်နိုင်ပြီဖြစ်ပါတယ်။ဘေးမှာပါဝင်တဲ့ Remote Control Tab ကိုနှိပ်လိုက်မယ်ဆိုရင်တော့ မိမိရဲ့ Dashboard ကို Browser မှတစ်ဆင့်မြင်တွေ့နိုင်မှာဖြစ်သလို စိတ်တိုင်းကျလည်း ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ LogMeIn စတင်ဝင်ရောက်လိုက်တာနဲ့ Desktop ရဲ့ထိပ်နားမှာ LogMeIn Remote Session ဆိုတဲ့စာတန်းလေးပေါ်လာမှာဖြစ်ပါတယ်။
လိုအပ်တာရှိရင် စာချန်ခဲ့လို့ရပါတယ်..အားလုံးအဆင်ပြေကြပါစေဗျာ
ခင်မင်လေးစားလျက်နေလင်းဖြိုး
0 comments:
Post a Comment