Sunday, June 2, 2013

Web Cam Problem

မေးလာသူတွေရှိလာတော့ ကျွန်တော်လည်း လေ့လာ၇တာပေါ့ ဗျာ.....လေ့လာတာတွေထမြှာတစ်ခုပေါ့ 
window ၇ သာတင်လိုက်.. Drivers တွေ အကုန်စုံပြီးသားတဲ့။ မဟုတ်ဘူးလို့တော့ မငြင်းပါဘူး။ ဒါပေမဲ့ တချို့စက်တွေမှာ မထင်မှတ်ဘဲ ကွိုင်တာတွေ ခဏခဏ ကြုံဘူးပါတယ်။ HDMI နဲ့ ချိတ်ဆက်လို့ မရတာတွေ။ Songs Driver ကြီးရှိနေပါလျှက် အသံမထွက်တာတွေ..စသည်ဖြင့်ပေါ့။ ပြဿနာက ဒီလိုပါ။ ကွန်ပြူတာမှာ ရှိတဲ့ ဗွီဇက်အိုကိုပဲ ဖွင့်ဖွင့်၊ စကိုင်းပီကိုပဲ ဖွင့်ဖွင့် ကျနော့်ပုံက ဇောက်ထိုးကြီးပေါ်နေတယ်။ ။
             အဲဒီ ဇောက်ထိုး ပေါ်နေတဲ့ ပုံအတွက် တော်တော်လေးကို
စိတ်ညစ်ခဲ့ရတယ်။ နောက်ဆုံးတော့... ရှာရင်း ဖွေရင်းနဲ့ အဆင်ပြေသွားပါတယ်။


ပထမ..My Computer> Right Click> Manage> Device Manager> Imaging Device အောက်က မြှားကလေးကို နှိပ်ပါ။
အကိုတို့အစ်မတို့ ရဲ့ ကင်မရာကို တွေ့ရပါမယ်။
ထို့နောက်.. အောက်ပါ ပုံများအတိုင်း လုပ်ကြည့်ပါ။

အထက်ကပုံအတိုင်းသွားကြည့်ပြီး လူကြီးမင်းစက်ရဲ့ PID Number ကို ကြည့်ပါ။
လက်ရှိသုံးနေတဲ့ ကွန်ပြူတာ Product Support Site မှာ ရှာကြည့်ပါက ပုံထဲကလို မိမိလိုချင်တဲ့ PID Number ကို တိုက်ကြည့်ပြီး အဲဒါကို တစ်နေရာမှာမှတ်ထားပါ။
ပြီးလျှင် အောက်က ပုံအတိုင်း သင့်ကွန်ပြူတာရဲ့ Web Cam Driver ကို Update လုပ်ပါ။
အောက်ကပုံအတိုင်း အစောက ဒေါင်းထားတာကို ရှာပြီး Update လုပ်ပေးပါ။ ဇောက်ထိုးဖြစ်နေတဲ့ သင့်ကင်မရာ အတည့်အတိုင်း မြင်ရပါလိမ့်မယ်။ ရီစတတ်တောင်းပါလိမ့်မယ်။ ရီပြီး စတတ်လိုက်ပါ။
ကင်မရာ ဇောက်ထိုးဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်။
ကျွန်တော်လည်းဆရာမဟုတ်ပါ
လေ့လာမိတာတွေကိုလိုအပ်သူတွေတောင်းလို့ပြန်လည်ဝေမျှပါတယ်

0 comments:

Post a Comment