Saturday, June 8, 2013

Published On: Wed, Apr 17th, 2013 Android Tutorials / မိုဘိုင်းဖုန်းဆိုင်ရာ Tutorials | By သက်နိုင်စိုး Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်း



Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ Android ဖုန်း/Tablet တိုင်းကို ဒီနည်းလေးနဲ့ Pattern Lock ဖြုတ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းမှာ USB Debugging on ထားခဲ့ဖို့တော့လိုအပ်ပါတယ်။ USB Debugging on မထားခဲ့ဘူးဆိုရင်တော့ ဒီနည်းလမ်းကိုအသုံးပြုလို့မရပါဘူး ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
အရင်ဆုံး ကွန်ပျူတာက ကိုယ့်ဖုန်းကို သိစေဖို့အတွက် ကွန်ပျူတာထဲမှာ Phone Driver သွင်းထားရပါမယ်။
ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ Driver ကိုအောက်က link မှာရယူပါ။
Mobile Driver အားရယူရန်
Driver ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။
Pattern Lock ဖြုတ်ဖို့အတွက်လိုအပ်တဲ့ tool လေးဖြစ်တဲ့ Shaume Root v1.1.6 ကိုအောက်က link မှာရယူပါ။
                                 v1.1.6 အားရယူရန်

Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်း

Share This
Tags


Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ Android ဖုန်း/Tablet တိုင်းကို ဒီနည်းလေးနဲ့ Pattern Lock ဖြုတ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းမှာ USB Debugging on ထားခဲ့ဖို့တော့လိုအပ်ပါတယ်။ USB Debugging on မထားခဲ့ဘူးဆိုရင်တော့ ဒီနည်းလမ်းကိုအသုံးပြုလို့မရပါဘူး ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
အရင်ဆုံး ကွန်ပျူတာက ကိုယ့်ဖုန်းကို သိစေဖို့အတွက် ကွန်ပျူတာထဲမှာ Phone Driver သွင်းထားရပါမယ်။ ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ Driver ကိုအောက်က link မှာရယူပါ။
Mobile Driver အားရယူရန်
Driver ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။
Pattern Lock ဖြုတ်ဖို့အတွက်လိုအပ်တဲ့ tool လေးဖြစ်တဲ့ Shaume Root v1.1.6 ကိုအောက်က link မှာရယူပါ။
Download Here:


Mirror link: Shuame Root v1.1.6 အားရယူရန်
ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.1.6 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။

အောက်ပါအတိုင်းပေါ်လာပါမယ်။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။

အောက်ပုံထဲကအတိုင်းပေါ်လာရင် ပုံထဲက စက်ဝိုင်းအနီပြထားတဲ့ခလုတ်ကိုနှိပ်ပါ။

နောက်တစ်ဆင့်ထပ်ပေါ်လာရင်လည်း ပုံထဲမှာပြထားတဲ့အတိုင်း စက်ဝိုင်းအနီပြထားတဲ့ခလုတ်ကိုနှိပ်ပါ။

ပြီးရင် ဖုန်းမှာ မိမိကြိုက်နှစ်သက်ရာ Patten Lock ပုံစံကို ဆွဲလိုက်ပါ။ (ဆွဲလိုက်တဲ့ပုံစံကိုတော့မှတ်ထားနော်) ဒါဆိုရင် Pattern Lock က အရင်တုန်းက မေ့နေတဲ့ pattern lock မဟုတ်တော့ဘဲ အခုစိတ်ကြိုက်ဆွဲလိုက်တဲ့ Pattern Lock ပုံစံဖြစ်သွားပါပြီ။ အဲဒီ Pattern Lock အတိုင်းဝင်လို့ရသွားပါပြီ။ တကယ်လို့ Pattern Lock မထားချင်တော့ဘူးဆိုရင်လည်း Setting ထဲကနေ ပြန်သွားဖြုတ်လိုက်ရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
(Myanmar Mobile App Store)မှလေ့လာကာပြန်လည်ဖော်ပြပါတယ်...။

0 comments:

Post a Comment