Wednesday, May 8, 2013

Internet Download Manager ကို ခရက်ခ် ဖြင့်ဖူးလုပ်၍ အသုံးပြုခြင်း

 ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ crack ဖိုင်လေးနဲ့ အဆင်ပြေသွားကြလို့ ဒီနေ့တော့ ဒီ crack ဖိုင်လေးကို အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ IDM နောက်ဆုံးထွက်တွေကို ကျနော်တင်ပေးနေကျ patch ဖိုင်နဲ့ ကျနော်သုံးနေတာ အဆင်ပြေနေတာပါ..။ ဒီ crack ဖိုင်လေးကတော့ နောက်ဆုံးထွက်တွေကို Support မလုပ်ပါဘူး..။ ဒါကြောင့် ကျနော် မတင်ပေးဖြစ်ခဲ့တာပါ..။ ဒီဖိုင်လေးထဲမှာ သီးသန့် IDM exe ဖိုင်လေး တခုပါပါတယ်..။ အဲ့ဒီ IDM exe ဖိုင်လေးနဲ့ပဲ ဒီ crack ဖိုင်က အဆင်ပြေတာပါ..။ ဒါကြောင့်မို့ IDM နောက်ဆုံးထွက်တွေ သုံးလည်း patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တဲ့ သူများကတော့.. မိမိတို့စက်ထဲမှာ ရှိနေတဲ့ IDM ကို Uninstall နဲ့ ထုတ်ပစ်ချင်လည်း ထုတ်ပစ်ပါ..။ မထုတ်ပစ်ရင်လည်း ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ တချို့ Antivirus တွေက ကျနော်တို့ အသုံးပြုနေကျ patch ဖိုင်လေးကို သိသွားပြီဖြစ်တဲ့အတွက် IDM ရဲ့ Installed ဖိုင်တွေထဲကိုပါ ဝင်ပြီး patch ဖိုင်ကို လိုက်ဖျက်ပစ်လို့ ကျနော်တို့ IDM နောက်ဆုံးထွက်တွေကို patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တာပါ..။ ဒီနေ့ကျနော်တင်ပေးလိုက်တဲ့ ဒီ crack ဖိုင်ရဲ့ အားနည်းချက်တော့ Mozilla နောက်ဆုံးထွက်တွေနဲ့ Youtube က သီချင်းတွေ ဒေါင်းယူမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး..။ ဘာလို့လည်း ဆိုတော့ Mozilla နောက်ဆုံးထွက်နဲ့ Youtube သီချင်းတွေ ကြည့်တဲ့အခါ IDM Button လေး မပေါ်လို့ပါပဲ..။ ကျန်တဲ့ ဆော့ဝဲလ်တွေဒေါင်းယူရင်တော့ အဆင်ပြေပါတယ်..။ ဒီ IDM Crack ဖိုင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.1 MB ရှိပါတယ်..။ ကျနော်ဒီ crack ဖိုင်လေးကို ဖိုင်နာမည်ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။

IDM အလုပ်မလုပ်တော့တဲ့ စက်တွေမှာ အောက်ကပုံအတိုင်း ပေါ်နေတတ်ပါတယ်..။



IDM နောက်ဆုံးထွက်ပဲ ဖြစ်ဖြစ် ၊ အဟောင်းပဲ ဖြစ်ဖြစ် မိမိတို့ စက်ထဲက ထုတ်ပစ်ချင်ထုတ်ပစ်ပါ..။ မထုတ်ပစ်ရင်လည်း ဒီ IDM crack ဖိုင်လေးကို အသုံးပြုလို့ ရပါတယ်..။ အောက်ကပုံလေးအတိုင်း ကျနော် တင်ပေးလိုက်တဲ့ IDM crack ဖိုင်လေးကို မိမိတို့ စက်ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် 32-bit (or) 64-bit ခွဲပြီး crack ဖိုင်ကို ရွေးပြီး ၂ချက်တောက်ပေးလိုက်ပါ..။ သို့မဟုတ် အောက်ကပုံအတိုင်း Right Click >> Merge ကိုနှိပ်ပေးလိုက်ပါ..။




အပေါ်က ပုံတွေအတိုင်း လုပ်ပေးပြီးသွားရင်တော့ အောက်ကပုံအတိုင်း ဒီ crack ဖိုင်ထဲမှာ ပါလာတဲ့ IDM exe ဖိုင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးလိုက်ရင် မိမိတို့စက်မှာ IDM ကို အသုံးပြုလို့ ရသွားပါပြီ..။


အပေါ်ဆုံးမှာ ပြထားတဲ့ ဒေါင်းလော့မရတော့တဲ့ ပုံလေးကတော့ ဒီအောက်ကပုံမှာ ပြထားတဲ့ အတိုင်း ဆော့ဝဲလ်တွေကို ဒေါင်းလော့ယူလို့ ရသွားပါပြီ..။



 
 ကိုလွမ်းမင်းဘိုဆီမှပြန်လည်ရှယ်ပေးလိုက်ပါတယ်
 
အားလုံးပဲ အဆင်ပြေကြပါစေ..။

0 comments:

Post a Comment