Thursday, January 2, 2014

သင့် ဖေ့ဘုတ်အကောင့် အဟက်မခံရစေရန်...





၁) မလိုအပ်တဲ့ Active Sessions တွေ ဖျက်ပါhttps://www.facebook.com/settings?tab=security&section=sessions

၂) App password များကို ချိန်ထားပါ။ FB မှာ မိမိသုံးနေတဲ့ App တွေက ကိုယ့် အင်ဖိုတွေ ယူသုံးခွင့် ရနေကြပါတယ်။ အဲ့ဒီ App တွေကို ဝင်ဘို့ မိမိ၏ မူလ Login password အစား တခြားတစ်ခု ပြောင်းသုံးစေဘို့ ခွင့်ပေးတဲ့ ဖေ့ဘုတ်ရဲ့ အစီအမံတစ်ခုပါ။  https://www.facebook.com/settings?tab=security&view

၃) ကိုယ်အကောင့်ကို ဝင်လိုက်ရင် ခွင့်ပြုမိန့် လှမ်းတောင်းခိုင်းတဲ့ စံနစ် (Login Approvals) ကို ON ထားပါ။ SMS လက်ခံနိုင်တဲ့ ဖုန်းနဲ့မှ ရမယ်။ Myanmar နိုင်ငံအတွင်းက အကောင့်များ အဆင်မပြေနိုင်သေးပါ။

၎) Recovery Email Address ကို တစ်ခုထက်ပို၍ ပေးထားပါ။ https://www.facebook.com/update_security_info.php

၅) Security question ကို ပေးထားပါ။ ပြီးတော့ လုံးဝ မမေ့ပါစေနှင့်။ *နောက်တစ်ခါ ထပ်ပေး/ပြန်ပြင် လုပ်မရပါ၍။ https://www.facebook.com/update_security_info.php

၆) အလကားရတဲ့ Wifi များ သတိထားပါ။

၇) တွေ့ရာလင့်များ လိုက်နှိပ်ခြင်း Firefox/Chrome Browser Addons များ ထည့်ခြင်း ရှောင်ကြဉ်ပါ။



သင့်အကောင့် လုံခြုံရေးအတွက်...

၁) strong password သုံးပါ (Use a combination of at least six numbers, letters, and punctuation marks (like ! and &))

၂) အီးမေး အကောင့် မပေါက်အောင်လည်း သတိထားပါ။ အီးမေး အကောင့်ပေါက်ရင် ဖေ့ဘုတ်လည်း ပါသွားမှာပဲ။

၃) သူများစက် သွားသုံးတယ်ဆိုလျှင် သုံးပြီးတာနဲ့ Log-out လုပ်ပါ။

၎) Anti-virus software တစ်ခုခု စက်မှာ မပျက်မကွက် တင်ထားပါ။


၅) Security question ကို ပေးထားပါ။

၆) အပေါ်မှာ ဖော်ပြထားတဲ့ အကောင့်မဟက်ခံရစေရန် နည်းလမ်းများ အကောင်အထည် ဖော်ပါ။

၇) တွေ့ကရာ လိုက် ကလစ်နှိပ်ခြင်း၊ ဒေါင်းလုပ်ဆွဲခြင်း ရှောင်ကြဉ်ပါ။

အကျယ်ဖတ်ရန် - https://www.facebook.com/help/379220725465972/

၈) Secure browsing ကို ON ထားပါ။ https://www.facebook.com/settings?tab=security&view

တွေ့တာရှိရင် ထပ်ဖော်ပြပါဦးမယ်။

0 comments:

Post a Comment