Standard Features of Bloggingေပါ ့ဗ်ာ
Blog host တိုင်းက ပို ့စ်တွေ create လုပ်တာ edit လုပ်တာတွေ အပြင် commenting system, spell_check, image hosting စတဲ့ အခြား လုပ်ဆောင်ချက် လေးတွေ ပါကြတယ်။ ဒါပေမယ့် Hosting တိုင်းက ပေးတဲ့ features တွေမတူပါဘူး။ မတူတဲ့အပြင် ထပ်ပြီးပေးထားတဲ့ Features တွေ Plug in တွေ အများကြီးရှိပါတယ်။ ဒါကြောင့် blog host တွေကိုရွေးတဲ့အခါမှာ ကိုယ်လိုချင်တဲ့ ပုံစံတွေ ဖန်တီးနိုင်ဖို့ features လေးတွေ ကြည့်ပြီးရွေးရတယ်။ များသော အားဖြင့် WordPress သုံးကြတာ များပါတယ်။ ဘာပဲရွေးရွေး Blog တစ်ခုမှာ ပါသင့်တဲ့ Standard Features လေးတွေ ရှိပါတယ်။
Template Driven Design
Template ဆိုတာကတော့ ကိုယ်လိုချင်တဲ့ Layout အတွက် ကြိုတင် ဖန်တီး ပေးထားတဲ့ Layout Design လေးတွေပါပဲ Blog တစ်ခုမှာ မရှိမဖြစ် ပါသင့်တဲ့ Standard လေးပါ တကယ်တော့ Blog တွေဆိုတာ Template ရေးဖို ့နေနေသာသာ HTML တောင် မသိတဲ့ သူတွေပါ ရေးနိုင်အောင် ဖန်တီးထားတာပါ။ ဥပမာ ကဗျာ ဆရာတစ်ယောက်က ကိုယ့်ကဗျာတွေကို Blog အဖြစ် တင်ချင်တယ်။ သူက ဒီလိုတင်ဖို ့ HTML တွေ CSS တွေပါ လေ့လာနေရရင် သူက ကဗျာ ဆရာ မဟုတ်ပဲ developer ဖြစ်သွားနိုင်ခြေ များတယ်။ အဲ့လို လူတွေပါ Blog ရေးနိုင်ဖို ့ ဖန်တီးထားတာပါ။ ကိုယ်ပိုင် Coding Knowledge ရှိမယ် ဆိုရင်လည်း Source Code ကိုပြင်နိုင်တဲ့ အပြင် Third Party Theme တွေကိုလည်း ဒေါင်းလုပ်ချပြီး ကိုယ်ပိုင် Template များ ဖန်တီး နိုင်ပါသေးတယ်။ ဒါကြောင့် Template Design တွေကို လိုသလိုပြောင်းလဲ အသုံးပြုနိုင်တဲ့ Feature က မရှိမဖြစ် ပါသင့်တဲ့ Standard features တစ်ခုပဲဖြစ်ပါတယ်။
Draft Posts
နောက်တစ်ခုကတော့ Draft Posts ပါ Draft Posts ဆိုတာကတော့ ပို ့စ် တစ်ခုကိုတင်ရင်း ကိစ္စတစ်ခုခုကြောင့် ကိုယ်ရေးနေတဲ့ ပို့စ်ကို ခဏ ပိတ်လိုက်ရတာမျိုးမှာ အသုံးဝင်ပါတယ်။ ရေးပြီးသားကို Draft လုပ်ထားလိုက်မယ် ဆိုရင် ကိုယ် အားတဲ့အချိန်ကျမှ ပြန်ရေးလို့ ရတာပေါ့။ နောက်တစ်ခုက ဘလော့ကို ကိုယ်ပိုင်တစ်ဦးထဲ မဟုတ်ပဲ အများနဲ ့ရေးတဲ့အခါမှာလည်း အသုံးဝင်ပါတယ်။ ဥပမာ ကျွန်တော်က ပို ့စ်တင်တယ်ဗျာ။ ပြီးတော့ ပို ့စ်မှာ အမှားပါလား မပါလားဆိုတာ MM Tut ရဲ ့ Admin ကို Draft Post ကိုပြပြီး အဆင်ပြေမပြေ စစ်ခိုင်းလို ့ရတယ်။ အဆင်ပြေတော့မှ Draft ကနေ Publish လုပ်လိုက်မယ်။ ပြောချင်တာကတော့ အဖွဲ့လိုက် ဘလော့တွေမှာ အက်ဒမင်ကို စစ်ခိုင်းတဲ့အခါမှာ လည်း သုံးလို့ရတယ် ပေါ့ဗျာ။ Draft Posts သည်လည်း Blog တစ်ခုအတွက် မပါမဖြစ်ပါရမယ့် Standard Features တစ်ခုဖြစ်ပါတယ်။
Built in Commenting System
ဒါကတော့ စာဖတ်သူများ စာဖတ်ပြီးရင် message ချန်ခဲ့ဖို ့ Comment Box လေးကိုပြောတာပါ။ ကျွန်တော့်ပို့စ် ကို ဖတ်ပြီးရင် Comment ပေးဦးနော်။ စာဖတ်သူတွေက ပို ့စ်ကို ဖတ်ပြီးရင် အမြင်လေးတွေပေါ့ ပို ့စ်ရေးတဲ့သူကို ပြောခဲ့ချင်တာလေးတွေ ပို့စ်မှာ လိုအပ်နေတာလေးတွေ အကောင်းမြင် အကောင်း အဆိုးမြင် အဆိုးပေါ့ ပို ့စ်တင်တဲ့သူနဲ ့ စာဖတ်သူကြားက Interface အနေနဲ ့သုံးပါတယ်။ ပုံမှန်ဆိုရင်တော့ comment ဒီအတိုင်းပေးရုံပါပဲ။ ဒါပေမယ့် တစ်ချို ့ ဘလော့တွေကျတော့ comment ပေးဖို ့ Register လုပ်ပေးရတယ်ဗျ။ ပေးချင်တိုင်းပေးလို ့မရဘူးပေါ့ Member အဖြစ်ဝင်ပြီးမှ ဆွေးနွေးနိုင်တယ်ပေါ့။ တစ်ချို ့ကြတော့ comment တင်ပြီးပြီးချင်း ကိုယ်တင်လိုက်တဲ့စာက မပေါ်ဘူးဗျ။ Site Admin က approve လုပ်မှရတာမျိုးလည်းရှိတယ်။ ပုံမှန် Commenting System က ပိုအဆင်ပြေမယ်လို ့ထင်ပါတယ်။ ဒီ Features လေးကလဲ မရှိမဖြစ် features ဖြစ်မယ်ထင်တယ်ဗျ။
Rich Text Editing
ဒါကတော့ Post Editing လုပ်တဲ့ feature ပါ Blog တိုင်းမှာပါပါတယ်။ သူပြောချင်တာက စာရေးလို ့ရရုံကို မဟုတ်ဘူးနော်။ Rich Text Editing ပါ။ center justify တွေ Bold Italic တွေ ul ol တွေ စတဲ့ HTML သုံးစရာမလိုပဲ User Interface ( button ) တွေနဲ ့ အသုံးပြုနိုင်တာကို ပြောတာဗျ။ Button လေးတွေ သုံးချင်ရင်တော့ HTML Knowledge နည်းနည်းတော့ ရှိရမယ်။ အဲ့ဒါတွေ မသိတဲ့သူကတော့ Visual မှာ ရေးပြီး သုံးနိုင်ပါတယ် ဒီ Features လေးကလဲ ဘလော့ သမားတွေ HTML မရေးပဲ အလွယ်တကူသုံးနိုင်တဲ့ WordPressor Features လေးတစ်ခုပါပဲ။
Spell-checking
ဒါကတော့ WordPressors တိုင်းမှာ ပါလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျွန်တော်ပို့စ်တင်နေတဲ့ Word editor မှာတော့ မတွေ့မိဘူးဗျ ဒီ Features ကတော့ လက်ရှိ Word Edit Software တိုင်းမှာ ပါနေပြီ ဖြစ်ပါတယ်။ Spelling မှန်မမှန် စစ်ပေးတာပါ။ နောက်ပိုင်း Blog version တွေမှာ Spelling-checking က မပါမဖြစ် ပါလာပါတော့မယ်။ ကိုယ်မသုံးပေမဲ့လည်း Standard Features တွေပါတဲ့ ဘလော့တွေကို ရွေးပြီး သုံးရင် တစ်ချိန်မှာ အကျိုးရှိလာနိုင်ပါတယ်။
Image Hosting
WordPress မှတော့ Media Library ပါ။ Image တွေကို ကိုယ့် Hosting မှာပဲ သိမ်းရတာပါ။ ဒီတော့ Photobucket လိုမျိုး Image Hosting မှာပုံကိုတင် ပြီးတော့ Link ယူ ကိုယ့်ဆိုက်မှာ ပြန်ချိတ် လုပ်နေစရာ မလိုတော့ပါဘူး။ ကိုယ်ပိုင် Hosting က လင့်ခ်ကို တစ်ခါတည်း ချိတ်လိုက် ရုံပါပဲ။ blog hosts အများစုကတော့ Online Space တွေ တော်တော်များများ support လုပ်ထားတာတွေ ့ရပါတယ်။
Flexible Dating
ဒီ features ကတော့ Date ကိုပြန်ချိန်လို ့ရတာပေါ့ ဥပမာ ဒီနေ့ရေးတဲ့ ပို့စ်ကို မနေ့ကရေးတဲ့ပို့စ်ဆိုပြီး ပြင်တာပေါ့။ ဒါမှမဟုတ် လွန်ခဲ့တဲ့လက ရေးခဲ့တဲ့ ပို့စ်ကို ဒီလရဲ ့အရှေ ့ဆုံး ဘလော့စာမျက်နှာမှာ ပေါ်စေချင်လို ့ ရက်ကို ချိန်းလိုက်တာပေါ့။ Date ကို Flexible ဖြစ်အောင် လုပ်တဲ့ Features လေးပါ။ WordPress မှာလည်း ရှိပါတယ်။ Published on ဆိုတဲ့ နောက်မှာ Edit ဆိုပြီး ပြုပြင်လို့ရပါတယ်။ အဲဒီအပြင် WordPress မှာဆိုရင် Scheduled Publish လည်း လုပ်လို့ရပါတယ်။ ကိုယ့် Publish လုပ်စေချင်တဲ့ အချိန်၊ လုပ်စေချင်တဲ့ နေ့မှာ လုပ်အောင် စီစဉ်ထားနိုင်ပါတယ်။ ဒီ Feature လေးကိုလဲ Standard Feature ထဲမှာ ထည့်ပြီး စဉ်းစားသင့်ပါတယ်။
Multiple Archiving Options
ဒါကတော့ ပို့စ်အဟောင်းတွေကို နေ့ရက် ဒါမှမဟုတ် လ/ခုနှစ်အလိုက် ပို့စ်တွေကို ခေါင်းစဉ်လေးတွေနဲ့ ပြန်တင်ပြတာပါ။ MM Tut ရဲ့ Archives မှာ Monthly အနေနဲ့ တင်ထားတာကိုတွေ့ရမှာပါ။ Categories တွေ အနေနဲ့လည်း ကိုယ်တင်ပြချင်သလို တင်ပြလို့ရပါတယ်။ ဒါပေမယ့် Multiple Archiving Options ပါ သူတို့အားလုံးကို တစ်ပြိုင်နက် ဖော်ပြလို့ရတာပါ။ MM Tut မှာ Comments အများဆုံး Latest ပို့စ် ခွဲပြီး တင်ပြထားသလိုပါပဲ။ Archiving ကတော့ ဘလော့တွေ အတွက် မပါမဖြစ် features တစ်ခုပါပဲ။
Syndication
RSS ကိုပြောတာပါ MM Tut ရဲ့အောက်ဆုံးမှာ ကိုအိမောင် ကိုစေတန် ကိုစိုးမင်း Zack Notes တို့ရဲ့ ဘလော့တွေ မှာ နောက်ဆုံး အနေနဲ့ ဘာတွေ တင်ထားလဲ ဆိုတာကို RSS ဖော်ပြထားတာပါ။ Really Simple Syndication ပါ MM Tut ကို လေ့လာနေရင်း တစ်ပြိုင်နက်ထဲ မှာပဲ တစ်ခြား ဘလော့တွေ မှာ နောက်ဆုံး အနေနဲ့ ဘာပို့စ်တွေ တင်နေတယ်ဆိုတာကိုပါ ဖော်ပြထားတာပါ။ MM Tut ရဲ့ အပေါ်ဆုံး ဘားမှာ Subscribe ရဲ့ နောက်မှာ RSS feed လေးတွေ တွေ့ နိုင်ပါတယ်။ RSS ကတော့ ဘလော့ သမားတွေ သူများ ဘလော့ကို ဖော်ပြဖို့ရော ကိုယ့်ဘလော့ကို သူများဆီမှာ Syndicate လုပ်ဖို့ အတွက်ပါ မရှိမဖြစ် လိုအပ်ပါတယ်။
Email Notification System
ဘလော့တစ်ခုမှာ ပို့စ်အသစ်တင်တိုင်း ကိုယ့် Email ဆီကို ပို့ပေးဖို့ email နဲ့ subscriber တောင်းတဲ့ feature လေးပါ။ MM Tut ရဲ့ အပေါ်ဆုံး ဘားရဲ့ အစွန်ဆုံးမှာ Email ဆိုတာရှိပါတယ်။ အဲ့ဒါကို သုံးလိုက်ရင် MM Tut ရဲ့နောက်ဆုံးပို့စ်တွေကို အစအဆုံး Email ကနေတစ်ဆင့် လေ့လာနိုင်ပါပီ။ ဘလော့ တော်တော်များများမှာ တွေ့ရပါတယ်။ Reader တွေအတွက် ဆိုက်ကို လာစရာမလိုပဲ ကိုယ့် mail ထဲကို အလိုအလျောက် ပို့ပေးတဲ့ စနစ်ဖြစ်ပါတယ်။ Beginner တွေအတွက် Subscriber လေးတွေ တော်တော်များများမှာ ဝင်ထားသင့်ပါတယ်။ ဒါမှ ဆိုက်မျိုးစုံက Article တွေကို တစ်နေ့တစ်မျိုးလောက် လေ့လာဖြစ်မယ် ထင်ပါတယ်။
ဒါကတော့ Blog တစ်ခုရဲ့ Standard Features တွေပါပဲ စာဖတ်သူလည်း တစ်နေ့ ဒါမှမဟုတ် လက်ရှိ ဘလော့ဂါ လုပ်တော့မယ်ဆိုရင် ဒီ Features လေးတွေပါတဲ့ Blog လေးတွေ ရွေးသင့်တယ်လို့ ထင်ပါတယ်။
0 comments:
Post a Comment